RedBlueDark SmallMediumLarge NarrowWideFluid
Khin Sein - Urgent Fight for Myitsone Area and Irrawaddy River PDF Print E-mail

မြစ်ဆုံဒေသနှင့်ဧရာဝတီမြစ်ကာကွယ်ရေး တိုက်ပွဲသည် အရေးပေါ်လုပ်ဆောင်ရမည့် မျိုးချစ်မြန်မာနိုင်ငံသားအားလုံး တာဝန်ဖြစ်သည်

ပြည်သူအများကျယ်ကျယ်လောင်လောင် ကန့်ကွက်နေတဲ့ကြားက လူမျိုးတုန်းပြီးတိုင်းပြည်ပျက်သွားနိုင်တဲ့ မြစ်ဆုံဆည်စီမံချက်ကို ဇွတ်တိုးလုပ်ဆောင်ဘို့ ဦးသိန်းစိန်အစိုးရက ၀န်ကြီးဦးဇော်မင်းမှတဆင့် ကြေငြာလိုက်ပြီ၊ ဒီလိုကြေငြာလိုက်တာဟာဒို့ ပြည်သူ့တွေရဲ့ဆနဒကိုဆန့်ကျင်ပြီးဒို့ပြည်သူတွေကို ဂရုမစိုက်ဘဲစိန်ခေါ်လိုက်တာပဲ၊၊ ပြည်သူကိုထိပ်တိုက်ရင်ဆိုင်ရေး Confrontation လိုင်းကိုရွေးလိုက်တာဘဲ၊၊ ဒီမိုကရေစီမရသေးတာကို သီးခံနိုင်ပေမဲ့ တရုတ်အစိုးရကိုဖေါ်လံဖားပြီး လူမျိုးတုန်းပြီးတိုင်းပြည်ပါပျက်သွားနိုင်တဲ့ ဒီမြစ်ဆုံစီမံချက်လုပ်တာတော့ ဒို့လုံးဝသီးမခံနိုင်တော့ဘူး၊ မြန်မာပြည်ဆိုတာ ရှေးနှစ်ပေါင်းများစွာက ဒို့ဘိုးဘွားအဆက်ဆက်က အသက်သွေးချွေးပေါင်းမြောက်မြားစွာနဲ့ တည်ထောင်ခဲ့ရတာ၊ ဒင်းတို့ လက်ထက်ကျမှ ရှိသမျှထုတ်ရောင်းစားလို့ တိုင်းပြည်ပျက်ရတယ်ဆိုရင် ကမဘာမှာ မြန်မာ့ရာဇ၀င်ရိုင်းရတော့မယ်၊၊ ဒို့ နိုင်ငံတော်ရဲ့သီချင်း ကိုပြန်ပြီးသတိယကြပါ၊ (ဒို့ ဘိုးဘွား အမွှေ အနှစ်မို့ ချစ်မြတ်နိုင်း ပေ။ ပြည်ထောင်စုကိုအသက်ပေး လို့ဒို့ကာကွယ်မလေ ဒါဒို့ ပြေ.. ဒါဒို့မြေ...ဒို့ပိုင်တဲ့မြေ..) ကိုင်း အမျိုးချစ်တဲ့ နိုင်ငံသားအပေါင်းတို့ ဒို့ဘိုးဘွားအမွှေအနှစ်တွေကို ဒီဖက်ဆစ် မိတ်ဆာအစိုးရတွေဟာတရုတ်အစိုးရကို မျက်နှာလိုမျက်နှာရ ဖေါ်လံဖားပြီးဆက်သနေပြီ၊၊ ဧရာဝတီပျက်ပြီဆိုရင် ဒို့နိုင်ငံဒို့ပြည်ထောင်စုကြီးပျက်ရတော့မယ့် အနတရယ်ကြုံနေရပြီ၊၊ ဒီ နလပြိန်းတုံး ဖက်ဆစ်မိတ်ဆာအစိုးရတွေရဲ့တဇွတ်ထိုး တဇောက်ကန်းလုပ်နေပုံတွေက ဒီမိုကရစီမရတဲ့အပြင် ကိုယ့်တိုင်းပြည်ပါ တိုင်းတပါးတရုတ်လက်ကျရောက်မဲ့ ကိန်းဆိုက်နေပြီ၊ ဒါကြောင့် မျိုးချစ်စိတ်ရှိမြန်မာနိုင်ငံသားအားလုံး ဒိုပြည်ထောင်စုကြီးကိုကာကွယ်ဘို့ မြစ်ဆုံဒေသနဲ့ ဧရာဝတီအတွက် ပြည်တွင်းပြည်ပဖျက်ဆီးသူအားလုံးကို အမျိုးသားရေးတာဝန်သိသိဖြင့် ကိုယ်စွမ်းသမျှ နည်းလမ်းပေါင်းစုံနဲ့ဆန့်ကျင် တိုက်ပွဲဝင်ကြပါစို့လို့ တိုက်ပွဲခေါ် နှိုးဆော်လိုက်ပါတယ်ခင်ဗျာ

တရားသောပြည်သူ့တိုက်ပွဲ မုချအောင်ပွဲခံစေရမည်

အားလုံးကိုလေးစားလျှက်

ဒေါက်တာ ခင်စိန် (ဧရာဝတီ)


မြစ်တစင်းရဲ့သတ္တိ (သို့) ဧရာဝတီရဲ့သတ္တိ

မြစ်တစ်စင်းဟာ ကမ္ဘာမြေကိုကျေးဇူးသိတတ်စွာနဲ့ ဖြစ်တည်မွေးဖွားလာတယ်။ သူရှင် သန်နေသမျှကာလပတ်လုံး သူ့ကိုမွေးဖွားပေးတဲ့ကမ္ဘာမြေကို ကျေးဇူးသိတတ်စွာနဲ့ အလုပ်အ ကျွေးပြုတယ်။သူရှင်သန်နေသမျှကာလပတ်လုံး နားချိန်မရှိ စီးဆင်းနေတယ်။ နားချိန်မရှိ အ လုပ်လုပ်တယ်၊။ မြစ်မှာအံ့မခမ်းတဲ့ ၀ိရိယနဲ့ဇွဲသတ္တိတွေရှိတယ်၊၊ မြစ်မှာကြည်လင်အေးမြတဲ့ မေတ္တာဓာတ်တွေရှိတယ်၊၊ မြစ်မှာန၀င်ပီယံဖြစ်တဲ့ တေးသီချင်းတွေ၊ ဂီတသံတွေရှိတယ်၊၊ မြစ် မှာ တန်ဘိုးမဖြတ်နိုင်တဲ့ ကဗျာလင်္ကာတွေရှိတယ်၊ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းတွေ၊ ရာဇ၀င် တွေရှိတယ်။

မြစ်မှာ အလွန်လှပတဲ့ဆေးရောင်စုံပန်းချီကားတွေ၊ ရောင်စုံဓာတ်ပုံတွေရှိတယ်၊ မြစ်ဟာ ကမ္ဘာမြေနဲ့ ကမ္ဘာမြေမှာရှိတဲ့ လူအပါအ၀င် သက်ရှိသက်မဲ့တွေကိုအလုပ်အကျွေး ပြုတယ်၊၊ငါးဖါးပုဇွန်တွေကို သူ့ရင်ခွင်မှာရှင်သန်စေတယ်၊၊ လူတွေတိရစ္ဆာန်တွေ အသက် ရှင်ဘို့ သောက်ရေ၊ ချိုးရေပေးတယ်၊၊ သစ်ပင်သစ်တောတွေစိမ်းလန်းရှင်သန်စေဘို့ ရေဓာတ် ပေးတယ်၊ နုံးတင်မြေနုတွေ၊မြေဆီလွာတွေပို့ချတယ်၊၊ သစ်တောသစ်ပင်တွေဟာ မြစ်ကြောင့်စိမ်းလန်းရှင်သန်ပြီး ရာသီဥတုကိုလည်း ထိမ်းသိမ်းပေးတယ်၊၊ မြစ်ကြောင့် လူတိရစ္တာန်တွေ အသက်ရှင်ဘို့ လေထုထဲကသန့်စင်ပြီးအောက်စီဂျင်တွေရရှိတယ်၊၊ မြစ်ကြောင့်ဆန်ရေးစပါးနဲ့ကောက်ပဲသီးနှံတွေဖြစ်ထွန်းရတယ်၊၊မြစ်ဟာ ငွေမကုန်ဘဲ သဘာ ၀ကဖေါက်ပေးလိုက်တဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်တယ်၊၊ ဒါတွေဟာရုတ်တရက် တွေးမိသလောက်မြစ်ရဲ့ဂုဏ်သတ္တိတွေချရေးကြည့်တာ၊၊ ဆက်တွေးရင် အများကြီးရှိဦးမယ် ထင်တယ်။ အနုပညာသမားတွေ ဧရာဝတီရဲ့တန်ဘိုး ကျွန်တော့်ထက်ပိုသိမယ်။ ဒါပေမဲ့မြစ်ဟာ လူတွေကို တခါတရံ ဒုက္ခပေးတတ်တယ်၊။ မြစ်ကျိုးတာ မြစ်ရေလျှံတာ တွေဖြစ်ရင် လူတွေ သတ္တ၀ါတွေ ဒုက္ခအလွန်ရောက်တယ်။

ဒါပေမဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကောင်းကျိုးကပိုများတာမို့ မြစ်တစ်စင်းကို ထိမ်းသိမ်းဘို့က သသဘာဝတရားရဲ့ တန်ဘိုးတွေကို နားလည်သူ၊ သဘာဝတရားကိုချစ်တတ်သူ လူသား တိုင်းရဲ့တာဝန်ဖြစ်တယ်၊၊ နောက်တစ်ခုက မြစ်စင်းမှာ သီးခံနိုင်စွမ်းလဲရှိတယ်၊၊ သူ့ကို ဟန့်တားနှောက်ယှက်လာတဲ့ တော်ယုံတန်ယုံ့အတားအဆီးကို မတိုက်ခိုက်ပဲ ကွေ့ကောက် ရှောင်ရှားစီိးဆင်းတယ်၊။ ဒါပေမဲ့မြစ်ဟာ သူ့လမ်းကြောင်းကို အပျောက်မခံဘူး၊ သူသွားမဲ့ပန်းတိုင်ကို အပျောက်မခံဘူး၊။နည်းဗျုဟာလမ်းကြောင်း ကွေ့ကောက်သွားပေမဲ့ မြစ်မှာခိုင်မာတဲ့ ပန်းတိုငဆိုတာ် ရှိတယ်။ မြစ်ဟာသူ့ပန်းတိုင်ကို မရောက်ရာက်အောင် စီးဆင်းသွားတယ်၊။ ဧရာဝတီိဆိုရင် သူ့ရဲ့ခရီးဆုံးပန်းတိုင်က ဘဂ်လားပင်လယ်အော်ဖြစ်တယ်၊။ ဘယ်လိုပဲ လမ်းခရီးမှာ အကွေ့ အကောက် အခက်အခဲ အတားအဆီးတွေ ရှိပါစေ၊ ဧရာဝတီဟာ သူ့ရဲ့ပန်းတိုငြ်ဖစ်တဲ့ ဘဂ်လားပင်လယ်ကို မရောက်ရောက်အောင်သွားတယ်၊၊ မြစ်မှာသီးခံခြင်းရှိသလို အလွန်ပြင်းထန်တဲ့ အမျက်ဒေါသ လဲရှိတယ်၊။ တော်ယုံတန်ယုံအတားအဆီးကို သီးခံခြင်းတရားနဲ့ ကွေ့ကောက်လှည့်ပတ် စီးဆင်းပေမဲ့ ကွေ့ကောက်ရှောင်ရှားလို့ မရတော့တဲ့ အတားအဆီးမျိုးဆိုရင် မြစ်ဟာ ဒေါသအဟုန်ကြီးစွာနဲ့ ဖြောင့်ဖြောင့်ကြီးပြင်းပြင်းထန်ထန် ရိုက်ချိုးစီးဆင်း ပစ်တတ်တယ်၊၊ အဲဒီအခါမျိုးကို မြစ်ကျိုးတယ်၊ မြစ်ပေါက်တယ်လို့ ခေါ်တယ်၊။ အဲဒိလို မြစ်တစ်စင်း ဒေါသအမျက်ချောင်းချောင်းထွက်ပြီဆိုရင်တော့ ကမ်းပါးတွေဖြိုချတယ်၊။ မြို့တွေ ရွာ တွေကိုတိုက်စားဖျက်ဆီးပစ်တယ်၊။ အဲဒါ အလွန်ကြောက်စရာ ကောင်းတဲ့မြစ်စင်း ရဲ့ဒေါသပဲ၊။ မေခနဲ့မလိခ မြစ်ဆုံဒေသမှ ခရီးစပြီး ဘဂ်လား ပင်လယ်ပန်းတိုင်ကို ခရီးနှင်တဲ့ ဧရာဝတီမှာ သီးခံခြင်းတရားတွေရှိသလို၊ သီးခံခြင်းရဲ့အဆုံးစွန်မှာ ပေါက်ကွဲတတ်တဲ့ အမျက် ဒေါသတရားတွေလဲရှိနေတယ်၊၊

ဒါပေမဲ့ လမ်းခရီးမှာဘယ်လိုအခက်ခဲအတားအဆီးပဲရှိရှိ ဧရာဝတီဟာ သူ့ပန်းတိုင် ဖြစ်တဲ့ ဘဂ်လားပင်လယ်အော်ကို မရောက်ရောင်အောင်သွားမှာဖြစ်တယ်၊။ ဒို့တတွေဟာ ဧရာဝတီအကျိုးကျေးဇူးကြောင့်ရရှိတဲ့ ဆန်နဲ့ကောက်ပဲသီးနှံ။ သားငါးပုဇွန်နဲ့ သုံးရေသောက်ရေတွေကို စားသုံးပြီး ရှင်သန်ကြီးပြင်းလာခဲကြတယ် ။မိခင်ဧရာဝတီကြောင့် လူဖြစ်လာခဲ့ ကြတယ်၊၊  မိခင်ဧရာဝတီ ကျွေွးးမွေးပြုစုလို့ကြီးပြင်းလာခဲ့တဲ့ ဧရာဝတီရဲ့ သားသမီးစစ်စစ်တွေပါ၊၊ မြင်တတ်မယ်ဆိုရင် သင့်အသွေးအသားတွေထဲမှာ ဧရာဝတီရဲ့ ကျေးဇူးတရားတွေစီးဆင်းလည်ပတ်နေတာ မြင်နိုင်ပါတယ်။ ဒို့မှာလဲ မိခင်ဧရာဝတီရဲ့ ဗီဇသတ္တိတွေပါလာမှာအသေအချာပါဘဲ။ ကိုင်း-ဧရာဝတီရဲ့ ချစ်သား ချစ်သမီးများ သင်တို့ရဲ့မိခင်ဧရာဝတီ ဒုက္ခရောက်နေချိန်မှာ မိခင်ဧရာဝတီရဲ့ ကျေးဇူးကိုသိတတ်မယ် ဆိုရင် မြစ်တစ်စင်းရဲ့သတ္တိ(သို့မဟုတ်) မိခင်ဧရာဝတီရဲ့ သတ္တိဗျတ္တိတွေအစွမ်းကုန်ထုတ်ပြီး မိခင် ဧရာဝတီအား စုပေါင်းကာကွယ်ကြပါစို့လား မိတ်ဆွေတို့ရေ။

အားလုံးကိုလေးစားလျှက်

ဒေါက်တာ ခင်စိန် (ဧရာဝတီ)

စက်တင်ဘာ (၂၀၁၁)

 

Environment Menu