RedBlueDark SmallMediumLarge NarrowWideFluid
HAG - Human Animal PDF Print E-mail

လူကိုယ်နဲ့ တိရစ္ဆာန်စိတ်

ချစ်သမီးကြည်အောင်ကျော်ရဲ့မဟာဝိဇ္ဇာဘွဲ့ယူတဲ့အခမ်းအနားကိုတက်ဖို့ဂျော်ဂျီယာပြည်နယ်ဆာဗားနားမြို့က  စကက် (SCAD) Savannah College of Arts and Design ကောလိပ်ကိုရောက်ခဲ့ ပြီး၊ ဘွဲ့နှင်းသဘင်နေ့ ဂျွန်လ (၂)ရက်နေ့မရောက်ခင် ကောလိပ် ကျောင်းတွင်း လှည့်လည် ကြည့်ရှုခဲ့ပါတယ်။ မထင်မှတ်ဘဲ စကက်ရဲ့ပြတိုက်ကိုဝင် ကြည့်ဖြစ်ခဲ့ပါတယ်။

ဒီပြတိုက်မှာထင်ရှားတဲ့အနုပညာရှင်များရဲ့ဖန်တီးမှုတွေကို အလှည့်ကျပြသပြီး ကျောင်း သားတွေ အတုယူနိုင်ဖို့ အားကျစေဖို့ ပြသလေ့ရှိတယ်လို့ဆိုပါတယ်၊ ကျွန်တော်ရောက် နေခိုက်ကြုံကြိုက်တဲ့ပြခမ်းတွေထဲကမြန်မာပြည်အတွက်အထူးအတုယူစရာအတွေးအ ခေါ်ရှိရှိတင်ပြထားတဲ့ အနုပညာရှင်နှစ်ဦးရဲ့တင်ပြမှုကိုမျှဝေချင်လို့ ဒီဆောင်းပါးကိုရေး လိုက်ခြင်းဖြစ်ပါတယ်။

ပထမအနုပညာရှင်ကတော့တောင်အာဖရိကနိုင်ငံက ဂျိမ်းအလက်ဇန်းဒါး (Jane Alexander)  ဖြစ်ပါတယ်။ သူမရဲ့ Surveys (from the Cape of Good Hope) ခေါင်းစဉ်အောက်မှာရုပ်ထုများစွာကိုဖန် တီးထားပြီးသူ့အစုနဲ့သူသရုပ်ဖေါ်ထားခဲ့ပါတယ်။ အစုတိုင်းအစုတိုင်းမှာလေးနက်တဲ့အဓိပ္ပါယ်ဖွင့်ဆိုမှုတွေရှိပါတယ်။

သူ့ရုပ်ထုအများစုဟာလူကိုယ်နဲ့တိရစ္ဆာန်ခေါင်းတွေနဲ့ထုလုပ်ထားခြင်းပါဘဲ။ စိတ်အဝင်စားဆုံးတင်ပြမှုကတော့ စစ်သားတွေလိုတန်းစီချီတက်လာနေတဲ့လူကိုယ်နဲ့ တိရစ္ဆာန်ခေါင်းကိုယ်တုံးလုံးအုပ်စုပါဘဲ။ ဒီလူတပိုင်းတိရစ္ဆာန်တပိုင်းအုပ်စုဟာ အားလုံး အထီးတွေချဉ်းဖြစ်ပါတယ် (ယောက်ကျားအင်္ဂါများကိုအထင်းသားဖေါ်ပြထားပါတယ်)။ ဒီအုပ်စုဟာသူတို့ဦးခေါင်းတွေကိုသူတို့ညာဖက်မှာရပ်ပြီးလက်မြှောက်အမိန့်ပေးနေဟန်ရှိတဲ့သူကို ညီညီညာညာ ခေါင်းကိုညာစောင်းပြီး ကြည့်နေတဲ့ပုံသရုပ်ဖေါ် ထားတာ ဖြစ်ပါ တယ် ။ အောက်ပုံကိုကြည့်ပါ ။

Jane Alexander: Surveys (from the Cape of Good Hope)
haghuani1.jpg - 12.70 Kb haghuani1.jpg
လူခန္ဓာကိုယ်ရှိသော်လည်းတိရစ္ဆာန်စိတ်ရှိသူများအုပ်ချုပ်နေသောခေတ်ကိုရည်ညွှန်းသရော်ထားသည်မှာအလွန်ထိရောက်လှပေသည်။ စစ်ဖိနပ်များစီးထားခြင်း အထီးများဖြစ်ခြင်း ချီတက်အလေးပြုနေပုံ တို့သည် စစ်သားများ ကိုရည်ညွှန်းပါသည်။
haghuani2.jpg - 12.70 Kb haghuani2.jpg
ခေါင်းဆောင်လုပ်သူဗိုလ်ချုပ်ကညွှန်ကြားနေပုံ
haghuani3.jpg - 12.70 Kb haghuani3.jpg
အထက်ပုံသည်လူ့လွတ်လပ်ခွင့်ဆုံးရှုးနေမှု၊ ဝန်ထုတ်ဝန်ပိုးပိနေမှုကြားမှအကောင်းကိုမျှော်နေပုံ ကိုဖေါ်ပြသည်။
haghuani4.jpg - 12.70 Kb haghuani4.jpg
haghuani5.jpg - 12.70 Kb haghuani5.jpg
ဆီးရီးယားသမတအာဆတ်ပုံကိုကြည့်ရင်းဂျိမ်းအလက်ဇန်းဒါးရဲ့လူကိုယ်နဲ့တိရစ္ဆာန်ခေါင်းကြီးကိုမြင်လာသည်။ ကိုယ့်ပြည်သူတွေကိုအာဏာတည်မြဲရေးအတွက်ရက်ရက်စက်စက်သတ်နေသောအာဆတ် နဲ့သူ့ခါးပိုက်ဆောင် တပ်ကို ဂျိမ်းရဲ့လူ့တိရိစ္ဆာန်ပုံတွေအတိုင်းမြင်နေမိတယ်၊ သင်ကောမြင်ရဲ့လား?
နောက်တယောက်ကတော့ Sigalit Landau ဖြစ်ပါတယ်
haghuani6.jpg - 12.70 Kb haghuani6.jpg
Sigalit Landau

One Man’s Floor Is Another Man’s Feelings  (လူတယောက်ရဲ့ကြမ်းပြင်(ဖိနပ်) ဟာနောက်တယောက်အတွက်အတွက်တော့ ခံစားမှုဘဲတဲ့)အထက်ပါပုံဟာဖိနပ်တရံကို ပင်လယ်သေ (Dead Sea) မှာသွားနှစ်ထားတော့ဆားပွင့်ပုံဆောင်ခဲတွေဟာဖိနပ်မှာကြာလာတဲ့အခါတွယ်လာခဲ့ပါတယ်။ အမြင်အရစိတ်ဝင်စားစရာကောင်တဲ့အနုပညာဖန်တီးမှုဖြစ်သွားပါတယ်။

သူမကအစ္စရေးနဲ့အာရပ်ငြိမ်းချမ်းရေးကိုလိုလားသူဖြစ်သလို အစ္စရေးနိုင်ငံရေးပါတီတွေမညီညွတ်တာကိုလဲ ညီညွတ်စေချင်သူတဦးပါ။ သူမရဲ့ဗီဒီယိုပြကွက်ကအထူးစိတ်ဝင်စားစရာကောင်း  ပါတယ်၊ ဗီဒီယိုကိုမတင်ပြနိုင် သော်လည်းသူမရဲ့Performing Art ကိုစာနဲ့မျှဝေလိုက်ပါတယ်။

ဗီဒီယိုက စားပွဲတခုမှာကုလားထိုင်တွေပတ်ပတ်လည်ရှိနေပြီး ဒီစားပွဲအောက်မှာခလေးမလေးတယောက်က ဆော့နေပါတယ်။  သူမကကုလားထိုင်မှာထိုင်နေကြသူတွေရဲ့ဖိနပ်တွေကကြိုးတွေကိုဖြေနေပါတယ်၊ နောက် ဖိနပ်ကြိုးတွေကိုတခုနဲ့တခုချီပါတော့တယ်။ စားပွဲပတ်ပတ်လည်မှာရှိတဲ့လူတွေရဲ့ဖိနပ်ကြိုးတွေကိုသူမကစိတ်ရှည်လက်ရှည်ချီနေတုံးစားပွဲဝိုင်းမှာထိုင်နေတဲ့သူတွေတချို့ထပြီးထွက်သွားကြပါတယ်၊ ကြိုးညှိနေတော့ဖိနပ်ကိုချွတ်ပြီးထားခဲ့ပါတယ်၊ ခလေးမကဖိနပ်အားလုံးကိုချီထားပေမဲ့စားပွဲဝိုင်းမှာထိုင်တဲ့သူတွေကထိုင်မနေဘဲဖိနပ်တွေကိုချွတ်ပြီးထွက်ကြ၊ တချို့ဆိုရင်ခြေအိပ်  ကိုပါချွတ်ပစ်ပြီးထွက်သွားကြတဲ့အတွက်နောက်ဆုံးကြိုးချီထားတဲ့ဖိနပ် တွေနဲ့ ကောင်မလေးရယ်၊ လူတယောက်ရယ်ဘဲကျန်ပါတော့တယ်။

သူမတင်ပြမှုကလူတွေဟာငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ပေမဲ့လဲဘယ်လိုမှစားပွဲဝိုင်းမှာထိုင်ပြီးဆွေးနွေးလို့မရလောက်အောင်ခေါင်းမာနေတယ်ဆိုတာပါဘဲ။ ဒီလို ဘဲမြန်မာပြည်ငြိမ်းချမ်းဘို့အတွက်ကချင်ပြည်နယ် မှာ ငြိမ်း ချမ်းရေးရဘို့ အတွက်ခေါင်းမာနေကြအုံးမှာလား?

တော်သင့်ပြီ တိုင်းပြည်လဲနာလှပြီ

လေးစားလျက်

ထွန်းအောင်ကျော်

ဂျွန်လ ၈ ရက်၊ ၂၀၁၂

 


Dear all,


Please share this piece and give me the feed back.

လူ့တိရိစ္ဆာန်
HAGHumanAnimalJA20120608.pdf


Thank you.

Htun Aung Gyaw
This e-mail address is being protected from spambots. You need JavaScript enabled to view it

10 June 2012